Company Photo

ဆုပြည့်မောင်မောင် အိမ်ပြောင်းရွှေ့ ၀န်ဆောင်မှု

အမှတ် (848)က ရတနာပုံ (3)လမ်း ၊(9)ရပ်ကွက်

  • 2.00
  • (1 reviews)
  • ဖုန်းနံပါတ် 09400200924
  • အီးမေးလ် khin2004@gmail.com
  • ကိုယ်စားပြုမြို့ ရန်ကုန်တိုင်းဒေသကြီး
  • ကိုယ်စားပြုမြို့နယ် သာကေတမြို့နယ်
  • ကြည့်ရှုသူ 529
Service Photo

မနက်ခင်းတစ်ခုကို အပူပင်ကင်းကင်းနဲ့ နိးထဖို့...???

?? မနက်ခင်းတစ်ခုကို အပူအပင်ကင်းကင်း‌နဲ့ နိုးထဖို့... ?? "ဒီရက်ပိုင်း အိမ်ပြောင်းရတော့မယ် စိတ်ရှုပ်လိုက်တာ ?? ပစ္စည်းတွေကလည်းများ၊ တန်ဖိုးကြီးတာတွေ အမှတ်တရသေချာသိမ်းထားတာတွေ ထိခိုက်ပျက်ဆီးမှာလည်း‌ စိုးရိမ်နေတယ်.. အိမ်ပြောင်းရမှာဆိုတော့ တခြားစီစဉ်စရာတွေနဲ့ အလုပ်တွေရှုပ်နေတုန်း ပြောင်းဖို့ရွှေ့ဖို့က ထပ်စီစဉ်ရ၊ စဉ်းစားရဦးမှာပါလား...ဟူးးးးး ??" သူငယ်ချင်းရေ.. ဒါတွေအတွက် စိတ်ပူနေဖို့ ခေါင်းရှုပ်ခံဖို့ အချိန်ကုန်ခံဖို့ မလိုပါဘူး... ပြောင်းဖို့ရွှေ့ဖို့ ကိစ္စအကုန်လုံးကို ? "ဆုပြည့်မောင်မောင် အိမ်ပြောင်း/အိမ်ရွှေ့၀န်ဆောင်မှု" ? ဆီသာ မျက်နှာလွှဲထားလိုက်၊ ကျန်တဲ့ကိစ္စတွေကို စိတ်ချလက်ချသာ လုပ်.. ?? အာ အဲလိုတော့ ဘယ်ဖြစ်မလဲလို့ မတွေးနဲ့ သူငယ်ချင်း တကယ်အတည်ပြောတာ... သူငယ်ချင်း ဘယ်နေ့ပြောင်းချင်တာလဲ ? ပစ္စည်းကများလား ? ?? "ဆုပြည့်မောင်မောင် အိမ်ပြောင်း/အိမ်ရွှေ့၀န်ဆောင်မှု" ?? ကို တိုင်ပင်လိုက်စမ်းပါ။ တာ၀န်ခံမှု၊ တာ၀န်ယူမှုအပြည့်၊ ကျွမ်းကျင်တဲ့ လုပ်သားတွေနဲ့ ကားတွေလည်း ရှယ်၊ မျက်စိမှိတ်ပြီး ယုံလိုက်လို့တောင်ရတယ်.. ?? ဒါဆို ဈေးကြီးမှာပေါ့လို့ မထင်နဲ့ဦး.. ဈေးကလည်း သင့်ပြီး ၀န်ဆောင်မှုက ကောင်းတော့ ကျိန်းသေပေါက် အမှန်ဆုံးရွေးချယ်မှုပဲ.. ??? ပြီးရင်တော့ အသိတွေ ဘော်ဒါတွေကိုလည်း ညွှန်ပေးဦးလေ.. မမေ့နဲ့နော်... ?? Customer တိုင်းကို စေတနာအရင်းခံ အထူးဝန်ဆောင်မှုပေးနေပါပြီ ?? ?? ရာသီအလိုက် Promotion လေးတွေလည်း ရှိလို့ လုံး၀ လက်လွတ်မခံပါနဲ့နော်... ?? ? Email - supyaemgmg22@gmail.com ? Page messager ကနေတစ်ဆင့် ဆက်သွယ်နိုင်သလို ဖုန်းကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ ☎️☎️ 09- 400200924 09- 942304000 09- 757676860 ? လိပ်စာ ၁ - အမှတ် ၈၄၈၊ ရတနာပုံ ၃ လမ်း၊ ၉ ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။ ? လိပ်စာ ၂ - အမှတ် ၁၀၃၊ ခတ္တာလမ်း၊ ၇၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။ #ဆုပြည့်မောင်မောင်_အိမ်ပြောင်းရွှေ့၀န်ဆောင်မှု

1 ကျပ် အရေအတွက်(0)

Service Photo

အိမ်ခန်း၊ရုံးခန်းရွှေ့ပြောင်းတဲ့အခါ ပစ္စည်းတွေကိုဘယ်လို ထုပ်ပို့သင့်သလဲ❓

အိမ်ခန်း၊ ရုံးခန်းရွှေ့ပြောင်းတဲ့အခါ ပစ္စည်းတွေကို ဘယ်လို ထုပ်ပိုးသင့်သလဲ ❓ အိမ်၊ ရုံး ပြောင်းရွှေ့ရတဲ့ အခါမျိုးတွေမှာ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ပရိဘောဂပစ္စည်းတွေ၊ မင်္ဂလာဦး အိမ်သုံး အသုံးအဆောင်တွေကို မပျက်မစီးအောင် ဘယ်လို ပြောင်းရွှေ့ကြရမလဲဆိုတာ ‌ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။ ??? ? အိမ်သုံးပစ္စည်းတွေ ပရိဘောဂတွေကို ရွှေ့ပြောင်းတဲ့နေရာမှာ မကျိုးမပဲ့ဖို့လိုသလို ပွန်းပဲ့ပြီး အစင်းရာမထင်ဖို့လည်း လိုပါတယ်။ ဒီလိုတွေ မဖြစ်ဖို့ဆိုရင် သေသေချာချာ ထုပ်ပိုးထားဖို့ပါပဲ။ ? ပစ္စည်းတွေကို ထုပ်ပိုးတဲ့အခါ ပလက်စတစ်အိတ်ထက် ကတ်ထူစက္ကူပုံးကို အဓိကထား သုံးသင့်ပါတယ်။ ဖော့၊ ရေမြှုပ်၊ လေဖောင်းထားတဲ့ အရာတွေကို ကွဲလွယ်တဲ့ ပစ္စည်းတွေကြားနဲ့ ဘေးဘက်တွေမှာ ထည့်ပေးရပါမယ်။ စက္ကူပုံးတွေရဲ့ အားသာချက်က တောင့်တင်းမာကျောတဲ့ လေးထောင့်ပုံစံကို အခြေခံထားတာပါ။ ပုံးထဲမှာ အပြည့်သေချာထည့်ပြီး တိတ်နဲ့ပိတ်ထားမယ်ဆို သယ်ရလည်း လွယ်ကူသလို ပြန်ထုတ်တဲ့အခါလည်း ပစ္စည်းတွေက စနစ်တကျရှိနေမှာပါ။ အထဲက ပစ္စည်းတွေဟာ အထဲမှာ နေရာရွေ့နေမှာ မဟုတ်ပါဘူး။ ? ဒီလိုဆို စက္ကူပုံးထဲကို ထည့်လို့မရတဲ့ ပစ္စည်းတွေကို ဘယ်လိုလုပ်ရမလဲ မေးစရာရှိလာပါတယ်။ ဘီဒို၊ ဘုရားစင်တွေကို ကတ်ထူစက္ကူပုံးတွေကိုပဲ သုံးပြီး မျက်နှာပြင်တွေ၊ ထိလွယ်တဲ့နေရာတွေ၊ ထောင့်တွေကို သေချာအုပ်ပါ။ အထူးသဖြင့် ထောင့်တွေလိုနေရာတွေကို ဂျာနယ်စက္ကူလို ပျော့တဲ့အရာတွေနဲ့ ၄ ထပ် ၅ ထပ် ပတ်ပြီး စီးထားဖို့ လိုသလို တစ်ချို့နေရာတွေမှာ အ၀တ်တွေကိုလည်း ဖော့လို ကြားခံအဖြစ် သုံးလို့ရပါတယ်။ ? ဘီဒိုရဲ့ အံဆွဲတွေရှိမယ်ဆိုရင်လည်း အပြင်ကိုထုတ်ပြီး သီးသန့်သယ်ရပါမယ်။ မဟုတ်ရင် လှေကားအမြင့်တက်တဲ့အခါမျိုးမှာ ထွက်ကျတတ်လို့ပါ။ ဘီဒိုတံခါးတွေ၊ လှုပ်လို့ရတဲ့ မှန်တင်ခုံ မှန်ချပ်တွေကိုလည်း ကြိုးနဲ့ သေသေချာချာ စည်းထားပေးမယ်ဆို အန္တရာယ်ကင်းသွားမှာပါ။ ? ပစ္စည်းကို ဖြုတ်ပြီး သယ်တာက လွယ်ကူစေပေမယ့် ပြောင်းရွှေ့ပြီးတဲ့အခါ သူ့နေရာနဲ့သူ၊ သူ့ပစ္စည်းနဲ့သူ နေရာပြန်ချနိုင်ဖို့ စပြီး မထုပ်ပိုးခင်တည်းက soft pen နဲ့ဖြစ်ဖြစ် အမှတ်အသားတွေ သေချာ လုပ်ထားတာက အလုပ်ရှုပ်သက်သာပါလိမ့်မယ်။ အသေးအမွှား တိုလီမုတ်စ ပစ္စည်းတွေဆိုရင်လည်း ထွက်မကျနိုင်အောင် ပလက်စတစ်အိတ်နဲ့ ထုပ်ပြီး သတ်သတ်မှတ်မှတ် သိမ်းထားသင့်ပါတယ်။ ညစ်ပေလွယ်တဲ့ ပစ္စည်းတွေဆိုရင်လည်း ပလက်စတစ်အိတ် နှစ်ထပ်လောက်နဲ့ ထုပ်ပိုးထားရပါမယ်။ အနံ့စွဲလွယ်တဲ့ ပစ္စည်းတွေကိုလည်း အနံ့ပြင်းတဲ့အရာတွေနဲ့ အတူတူ မထုပ်ပိုးမိဖို့ သတိထားတာ အကောင်းဆုံးပါ။ ? ထုပ်ပိုးဖို့ ကတ်ထူစက္ကူ၊ ဖော့၊ ကြိုး၊ ကတ်ကြေး၊ တိပ်တွေကိုလည်း သေချာတွက်ချက်ပြီး ကြိုတင်၀ယ်ယူထားမှ အဆင်ပြေမှာပါ။ မိုးရာသီမှာ ပြောင်းရွှေ့မယ်ဆိုရင်တော့ မိုးကာခပ်ကြီးကြီးတွေကိုပါ တစ်ခါတည်း ၀ယ်ထားသင့်ပါတယ်။ ကဲ အိမ်ပြောင်း၊ ရုံးပြောင်းမယ် ဆိုရင်တော့ ဒီအချက်လေးတွေကို မမေ့နဲ့နော်... ?? နောက်တစ်ခုမမေ့ဖို့က... ✨✨ ဆုပြည့်မောင်မောင် အိမ်ပြောင်းရွှေ့၀န်ဆောင်မှု ✨✨ ကို သတိရဖို့ပါပဲ။ Customer တိုင်းကို စေတနာအရင်းခံ အထူးဝန်ဆောင်မှုပေးနေပါပြီ ?? ?? ရာသီအလိုက် Promotion လေးတွေလည်း ရှိလို့ လုံး၀ လက်လွတ်မခံပါနဲ့နော်... ?? ? Email - supyaemgmg22@gmail.com ? Page messager ကနေတစ်ဆင့် ဆက်သွယ်နိုင်သလို ဖုန်းကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ ☎️☎️ 09- 400200924 09- 942304000 09- 757676860 ? လိပ်စာ ၁ - အမှတ် ၈၄၈၊ ရတနာပုံ ၃ လမ်း၊ ၉ ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။ ? လိပ်စာ ၂ - အမှတ် ၁၀၃၊ ခတ္တာလမ်း၊ ၇၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။ #ဆုပြည့်မောင်မောင်_အိမ်ပြောင်းရွှေ့၀န်ဆောင်မှု

1 ကျပ် အရေအတွက်(0)

Service Photo

အိမ်တစ်အိမ်မှာ အခန်းတွေက ဘယ်လိုမျိုးအရေးပါသလဲ ❓

အိမ်တစ်အိမ်မှာ အခန်းတွေက ဘယ်လိုမျိုးအရေးပါလဲ ❓ အိမ်တစ်အိမ်မှာ ရှိကိုရှိရမယ့် နေရာတွေ၊ အခန်းတွေ ရှိပါတယ်။ ဒီနေရာတွေက ဘယ်လိုမျိုးအရေးပါလဲ၊ ကိုယ့်အိမ်သားတွေအတွက်၊ ဧည့်သည်တွေအတွက် ဘယ်လို သက်ရောက်မှုရှိလဲဆိုတာ သိဖို့လိုပါတယ်။ နေရာတစ်ခုချင်းစီက ကိုယ်ပိုင်ဝိသေသလက္ခဏာတွေနဲ့ အဓိပ္ပာယ်ကိုယ်စီရှိနေလို့ ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဘူး။ ဘယ်နေရာတွေက ဘယ်လိုအရေးပါနေလဲဆိုတာ ကြည့်လိုက်ရအောင်... ?ဘုရားခန်း မြန်မာပြည်မှာ ဘုရားခန်းက အရမ်းအရေးပါပါတယ်။ အကျယ်ကြီးဖြစ်နေစရာမလိုပေမယ့် ဘုရားရှိခိုးဖို့ တရားထိုင်ဖို့ လေ၀င်လေထွက်ကောင်းပြီး အဆင်ပြေပြေဖြစ်မယ့် အနေအထားမျိုး ဖြစ်ဖို့လိုပါတယ်။ အလင်းရောင်ကောင်းကောင်းရပြီး မနက်ပိုင်း နေအထွက်မှာ ဘုရားရှိခိုးရင်း စိတ်ကြည်နူးစရာ ဖြစ်မှ ဘုရားခန်းတစ်ခုနဲ့ တူမှာပါ။ ?ဧည့်ခန်း ဧည့်ခန်းကတော့ အိမ်တစ်အိမ်ရဲ့အသက်ပါပဲ။ ဧည့်သည်အများစုက သူတို့မြင်ရတဲ့ ဧည့်ခန်းကနေပဲ ကိုယ့်အိမ်ကို အကဲဖြတ်မှာပါ။ ဧည့်ခန်းရဲ့ အနေအထား၊ အပြင်အဆင်၊ အရောင်၊ သပ်ရပ်မှု၊ ပရိဘောဂပစ္စည်းတွေနဲ့ ဒါတွေကို ဘယ်လိုနေရာချထားလဲ ကြည့်ပြီး ကိုယ့်အိမ်ရဲ့အဆင့်အတန်းကို ခန့်မှန်းခံရပါလိမ့်မယ်။ အဲဒါကြောင့် ဧည့်ခန်းထဲမှာ မလိုအပ်တဲ့အရာတွေ မထားဘဲ ဧည့်ခန်းအတွက်ပစ္စည်းတွေကို သီးသန့်ထားသင့်ပါတယ်။ ?အိပ်ခန်း တစ်နေကုန် အလုပ်တွေလုပ်ပြီးတဲ့အခါ စိတ်နဲ့ခန္ဓာ အနားယူဖို့လိုလာပါလိမ့်မယ်။ အိပ်ခန်းက ကိုယ့်ကို စိတ်ရှုပ်စရာတွေ ပေးနေတဲ့ ပတ်၀န်းကျင်မျိုး ဖြစ်နေလို့မရပါဘူး။ အရောင်ကအစ ပရိဘောဂ၊ သန့်ရှင်းမှု၊ ရှင်းရှင်းလင်းလင်း ရှိမှုတွေကလည်း လူရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို သက်ရောက်မှုရှိပါတယ်။ အနားယူရမယ့်အခန်းဟာ လူကို သက်တောင့်သက်သာရှိစေတဲ့ နေရာတစ်ခု ဖြစ်သင့်ပါတယ်။ ?နောက်ဖေးခန်း အိမ်တစ်ခုလုံးရဲ့ သာယာမှုက နောက်ဖေးက စတာပါ။ နောက်ဖေးခန်းမသန့်ရှင်းရင် အိမ် မသာယာဘူးလို့ ရှေးလူကြီးတွေက ဆိုကြပါတယ်။ အိမ်ရှေ့မှာဘယ်လောက် ဟန်ဆောင်ကောင်းကောင်း အိမ်သာက ညစ်ပတ်နေတာ၊ အစားအသောက် ချက်ပြုတ်တဲ့နေရာတွေက သန့်ရှင်းမှုမရှိတာတွေက အမြင်မတင့်တယ်ရုံမဟုတ်ဘဲ ကျန်းမာရေးကိုပါ ထိခိုက်စေပါလိမ့်မယ်။ အိမ်နောက်ဖေးဟာ အနံ့တွေရှိတတ်လို့ ပိုပြီး ဂရုစိုက် သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ ?စတိုခန်း လှေကားခွင်အောက်မှာပဲဖြစ်ဖြစ်၊ တခြားနေရာလွတ်တစ်ခုမှာဖြစ်ဖြစ် စတိုခန်းလုပ်ထားသင့်ပါတယ်။ အိမ်တိုင်းမှာ အသုံး၀င်ပေမယ့် နေ့တိုင်းမသုံးဖြစ်တဲ့ ပစ္စည်းတွေ ရှိတတ်ပါတယ်။ စတိုခန်း မထားဘူးဆိုရင်တော့ ဒီပစ္စည်းတွေက အိမ်ရဲ့ လူမြင်တဲ့နေရာတွေမှာ မျက်စိရှုပ်စရာ ဖြစ်နေတတ်ပါတယ်။ ?ဖိနပ်ချွတ် ဖိနပ်ချွတ်ရဲ့ ညီညာသန့်ရှင်းစနစ်တကျရှိမှုဟာ အိမ်ကိုလာတဲ့ ဧည့်သည်ကအစ အိမ်ရှင်အဆုံး ဒီအိမ်မှာ စည်းကမ်းရှိရှိ နေရမယ်ဆိုတဲ့အတွေးကို အိမ်ထဲစ၀င်တည်းက ရစေတဲ့ နေရာဖြစ်လို့ ဖိနပ်ချွတ်ကိုလည်း စနစ်တကျ ထားပေးသင့်ပါတယ်။ ဖိနပ်ချွတ်ရှုပ်ပွ၊ ညစ်ပေနေရင် အိမ်ထဲအထိ အညစ်အကြေးတွေ၊ ဖုန်တွေ ပါလာစေလို့ ဖိနပ်ချွတ်လေးတစ်ခုရဲ့ မသန့်ရှင်းမှုက အိမ်အတွင်းကိုပါ ညစ်ပေစေပါလိမ့်မယ်။ ကဲ....အိမ်ပြောင်းတော့မယ်ဆိုရင်လည်း အာမခံအပြည့်ရှိပြီး ၀န်ဆောင်မှုကောင်းတဲ့ ? "ဆုပြည့်မောင်မောင် အိမ်ပြောင်းအိမ်ရွှေ့၀န်ဆောင်မှု" ? ကို သတိရဖို့ မမေ့ပါနဲ့။ Customer တိုင်းကို စေတနာအရင်းခံ အထူးဝန်ဆောင်မှုပေးနေပါပြီ ?? ?? ရာသီအလိုက် Promotion လေးတွေလည်း ရှိလို့ လုံး၀ လက်လွတ်မခံပါနဲ့နော်... ?? ? Email - supyaemgmg22@gmail.com ? Page messenger ကနေတစ်ဆင့် ဆက်သွယ်နိုင်သလို ဖုန်းကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ ☎️☎️ 09- 400200924 09- 942304000 09- 757676860 ? လိပ်စာ ၁ - အမှတ် ၈၄၈၊ ရတနာပုံ ၃ လမ်း၊ ၉ ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။ ? လိပ်စာ ၂ - အမှတ် ၁၀၃၊ ခတ္တာလမ်း၊ ၇၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။ #ဆုပြည့်မောင်မောင်_အိမ်ပြောင်းရွှေ့၀န်ဆောင်မှု

1 ကျပ် အရေအတွက်(0)

Service Photo

အိမ်ပြောင်းမယ်ဆို ဘယ်အရာတွေက်ို ရှောင်ရှားဖို့လိုအပ်မလဲ❔❔

အိမ်ပြောင်းမယ်ဆို ဘယ်အရာတွေကို ရှောင်ဖို့လိုအပ်မလဲ ❓ အိမ်တစ်အိမ်ကို ၀ယ်ယူပြီး ပြောင်းရွှေ့တော့မယ်ဆို ဘယ်လိုအချက်တွေက ကိုယ့်ကို အကျိုးမဖြစ်စေသလဲ ဆိုတာကို သိထားသင့်ပါတယ်။ ဒီဘက်ခေတ်မှာ အယူအဆတွေ သိပ်မရှိကြတော့ပေမယ့် ရှောင်လိုက်လို့ အကျိုးမယုတ်ဘူးဆိုရင် လုပ်လိုက်တာ ပိုကောင်းပါတယ်။ မရှောင်လို့လည်း ကျိန်းသေပေါက် ဒုက္ခဘေးတွေ့မယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကဲ ဒါဆို ဘယ်အချက်တွေကို ကြည့်ပြီး အိမ်၀ယ်ယူ ပြောင်းရွှေ့ဖို့ စဉ်းစားသင့်သလဲ ဆိုတာ ပြောပြပေးသွားမှာပါ။ ? ကျနေ မနက်ကျနေနဲ့ ညနေကျနေကို ခံမလား၊ နေ့လည်ကျနေကို ခံမလား တစ်ခုခုကို ရွေးချယ်ရမှာပါ။ မနက်ပိုင်း ကျနေကို ခံလိုက်ပြီဆို နေ့လည်ပိုင်းမှာ အေးအေးဆေးဆေး နေရနိုင်ပေမယ့် ညနေကျ‌နေက ပြန်ရောက်လာပါလိမ့်မယ်။ နေ့လည်ကျနေပဲခံရတဲ့ဘက် အခြမ်းကအိမ်က မနက်နဲ့ညနေ အေးနိုင်ပေမယ့် နေ့လည်မှာ တအားပူနိုင်သလို တစ်နေကုန်ပူထားတဲ့ အပူရှိန်က ညအိပ်တဲ့အခါ သိသာစေပါတယ်။ လမ်းကြားရောက်နေတာ၊ ဘေးတိုက်အကွယ်ရှိတာ၊ အိမ်ရှေ့မှာ အပင်ရှိနေတာမျိုးဆိုရင်တော့ နေဒဏ်ကို သက်သာနိုင်ပါတယ်။ ? ဘုရားအရိပ် ရှေးအယူအဆအရ ဘုရားအရိပ် ကျနေတဲ့ အိမ်က စီးပွားမဖြစ်ထွန်းဘူး၊ အတိတ်နိမိတ်မကောင်းဘူးလို့ ဆိုကြပါတယ်။ ယုံကြည်မှုရှိတဲ့သူတွေကတော့ အိမ်ရွေးတဲ့အခါ ရှောင်ကြပါတယ်။ ? လမ်းဦးတိုက် လမ်းဦးတိုက်အိမ်ကို ရွေးမယ်ဆို အဆင်မပြေနိုင် ဖြစ်တတ်တယ်လို့ ရှေးလူကြီးတွေက ဆိုပါတယ်။ အယူအဆအရ မဟုတ်ရင်တောင် လမ်းမကြီးတွေ အသွားအလာများတဲ့နေရာတွေမှာဆို လမ်းဦးတိုက်အိမ်က အန္တရာယ်များပါတယ်။ ကားတွေ၊ ဆိုင်ကယ်တွေလို အရှိန်ပြင်းတဲ့ ယာဉ်တွေက်ု ကြောက်ရလို့ပါ။ ? ဝါတွင်း ဝါတွင်းအိမ်ပြောင်းတာ၊ ဘုရားစင်ပြောင်းတာ မသင့်တော်ဘူးလို့ အယူအဆရှိကြပါတယ်။ ဘာသာရေးအရ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ အများစုကတော့ မလုပ်ကြပါဘူး။ ? နို့ညှပ် ညီအကို (သို့) သားအဖ နှစ်အိမ်ကြားက အိမ်ကို မ၀ယ်ကောင်းဘူးလို့ ဆိုကြပါတယ်။ ကိုယ့်အိမ်ရဲ့ ဘေးဘက်အိမ်တွေက သားအဖ၊ ညီအကိုတွေ ဖြစ်နေတာကို ဆိုလိုတာပါ။ ? စေတီဦးတိုက် ကိုယ့်အိမ်ရဲ့ ကပ်လျက်မှာ ကိုယ့်အိမ်ထက်နိမ့်တဲ့ စေတီတစ်ဆူဆူ ရှိနေတာမျိုးဆို ကံနိမ့်တတ်ပါတယ်။ ဒီလိုအိမ်မျိုးဆို ရှောင်ကို ရှောင်သင့်ပါတယ်။ ရှောင်ဖို့အဆင်မပြေဘူးဆိုရင် ဘုရားမှာ ကုသိုလ်တစ်ခုခု ပြုပေးရတယ်လို့ ဆိုပါတယ်။ အိမ်ပြောင်းတော့မယ်ဆိုရင်လည်း အာမခံအပြည့်ရှိပြီး ၀န်ဆောင်မှုကောင်းတဲ့ ? "ဆုပြည့်မောင်မောင် အိမ်ပြောင်းအိမ်ရွှေ့၀န်ဆောင်မှု" ? ကို သတိရဖို့ မမေ့ပါနဲ့။ Customer တိုင်းကို စေတနာအရင်းခံ အထူးဝန်ဆောင်မှုပေးနေပါပြီ ?? ?? ရာသီအလိုက် Promotion လေးတွေလည်း ရှိလို့ လုံး၀ လက်လွတ်မခံပါနဲ့နော်... ?? ? Email - supyaemgmg22@gmail.com ? Page messager ကနေတစ်ဆင့် ဆက်သွယ်နိုင်သလို ဖုန်းကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ ☎️☎️ 09- 400200924 09- 942304000 09- 757676860 ? လိပ်စာ ၁ - အမှတ် ၈၄၈၊ ရတနာပုံ ၃ လမ်း၊ ၉ ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။ ? လိပ်စာ ၂ - အမှတ် ၁၀၃၊ ခတ္တာလမ်း၊ ၇၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။

1 ကျပ် အရေအတွက်(0)

Service Photo

ဆုပြည့်မောင်မောင် အိမ်ပြောင်းရွှေ့ ၀န်ဆောင်မှုလုပ်ငန်း (12)ပေ ကား ဈေးနှုန်း

ဆုပြည့်မောင်မောင် အိမ်ပြောင်းမလား...ရုံးပြောင်းမလား...ကုန်တွေပဲပြောင်းမလား....... စိတ်ပူနေလို့ အဆင်ပြေပါစေလို့...ဆုတောင်းစရာမလိုပဲ.. အားလုံးပြည့်စေမယ့် *** ဆုပြည့်မောင်မောင် *** နဲ့သာ ပြောင်းရွှေ့လိုက်ပါ.............. #ဆုပြည့်မောင်မောင်_အိမ်ပြောင်းရွှေ့၀န်ဆောင်မှု လုပ်သား (5)ယောက်ပါပါ၀င်ပါသည်။ပုဇွန်‌ေတာင် ၊ဗိုလ်တထောင် ၊ကျောက်တံတား ၊ပန်းဘဲတန်း ၊လသာ ၊ဒဂုံ မြို့နယ် နှင့် တောင်ဥက္ကလာ ၊သု၀ဏ္ဏ၊သင်္ဃန်းကျွန်း ၊သာကေတ မြို့နယ် အတွင်းဈေးများပင်ဖြစ်ပါသည်။ဆက်သွယ်ရန် 09400200924

50000 ကျပ် အရေအတွက်(1)

Service Photo

ဆုပြည့်မောင်မောင် အိမ်ပြောင်းရွှေ့ ၀န်ဆောင်မှုလုပ်ငန်းမှ (10)ပေကား ဈေးနှူန်း

ဆုပြည့်မောင်မောင် အိမ်ပြောင်းမလား...ရုံးပြောင်းမလား...ကုန်တွေပဲပြောင်းမလား....... စိတ်ပူနေလို့ အဆင်ပြေပါစေလို့...ဆုတောင်းစရာမလိုပဲ.. အားလုံးပြည့်စေမယ့် *** ဆုပြည့်မောင်မောင် *** နဲ့သာ ပြောင်းရွှေ့လိုက်ပါ.............. #ဆုပြည့်မောင်မောင်_အိမ်ပြောင်းရွှေ့၀န်ဆောင်မှု လုပ်သားလေးယောက် ပါ၀င်ပါသည်ခင်ဗျာ။ဆက်သွယ်ရန်09400200924

40000 ကျပ် အရေအတွက်(1)

အဆင့်သတ်မှတ်မှုနဲ့ အကြုံပြုချက်များ

အဆင့်သတ်မှတ်မှု ပျှမ်းမျှခြင်း

2.00 /5

အဆင့်သတ်မှတ်မှု
0%
0%
0%
100%
0%

အကြုံပြုချက် ရေးပါ

1 Reviews

Company Photo

Win

2 years ago