- ရောင်းရန်
- 7 months ago
- 188 ကြည့်ရှုသူ
လှိုင်မြို့နယ် Condo Penthouse အရောင်း
လှိုင်မြို့နယ်, ရန်ကုန်တိုင်းဒေသကြီး
7000 ကျပ်(သိန်း)
2274 ဧရိယာ စတုရန်းပေ
အချက်အလက်များ
အိမ်အမျိုးအစား
ကွန်ဒို
အကျယ်အဝန်း
2274 ဧရိယာ စတုရန်းပေ
အသေးစိတ် အချက်အလက်များ
- ကြော်ငြာနံပါတ်
- HS-1737792048268
- စျေးနှုန်း
- 7000 ကျပ်(သိန်း)
- အိမ်အမျိုးအစား
- ကွန်ဒို
- အကျယ်အဝန်း
- 2274 ဧရိယာ စတုရန်းပေ
ရယူနိုင်သောရက်ချိန်း
🏡 ရန်ကုန် လှိုင်မြို့နယ်က Condo Penthouse ရောင်းပါမယ်ရှင်။
🌟 အကျယ်အဝန်း − အိမ်ရဲ့ Usable area အကျယ်အဝန်းအားလုံး တွက်ချက်ရင် 40 x 60 ခြံတစ်ခြံ နီးနီး ကျယ်လို့ မိသားစု လွတ်လွတ်လပ်လပ် နေလို့ရပါတယ်။
🌟 View - ရန်ကုန်မှာ ရှားပါးတဲ့ မျက်စေ့တဆုံး မြင်ရတဲ့ unblocked view မြင်ရပါတယ်။ ဝရံတာကနေရာ အိပ်ခန်းတွေကနေပါ မိုင်နဲ့ချီ အဝေးကြီးထိ လှမ်းမြင်ရပါတယ်။
🌟 Air- con, Lighting, ထမင်းချက် မီးပူတိုက် စတာတွေနိုင်တဲ့ Inverter နဲ့ battery တပ်ထားပါတယ်။ မီးလိုင်းတွေလဲ သေချာခွဲပြီးသားပါ။ သားက ငယ်ငယ်တည်းက Aircon ပိတ်လိုက်ရင် မအိပ်နိုင်လို့ သူမွေးကတည်းက မီးမပျက် အဲကွန်း မပျက်ရအောင် စီစဉ်ထားပါတယ်။
−−−−−−−−−−−−−−−−−−−
✅ အိပ်ခန်း (၂) ခန်း
မာစတာ တစ်ခန်း၊ Common တစ်ခန်း၊ ရေချိုးခန်း အိမ်သာ ၂ ခန်း။ Water heater, Rain shower ၂ ခန်းလုံးမှာ ပါပါတယ်။
✅ Built-in Kitchen
Upper and lower cabinets, built-in ပန်းကန်စင်၊ 4-door side by side ရေခဲသေတ္တာ၊ Front loading အဝတ်လျှော်စက်၊ microwave, oven အားလုံးပါပြီး
✅ ဧည့်ခန်း TV console, Storage cabinet တွေနဲ့ နံရံပတ်လည်မှာ စာအုပ်စင်အတန်းတွေ built in လုပ်ထားပါတယ်။
တစ်အိမ်လုံး ခန်းဆီးလိုက်ကာ နှစ်ထပ်နဲ့ ခြင်လုံဇကာတံခါးတွေ ထပ်ထားပါတယ်။
အဝင်ဝမှာ လူတစ်ရပ်စာ ဖိနပ်စင် built-in ပါပါတယ်။
✅ ဝရံတာ အကျယ်
Studio တိုက်ခန်းတစ်ခန်းလုံးစာထက် ပိုပြီး ကျယ်ဝန်းတဲ့ ဝရံတာပါပါတယ်။ သစ်ပင်ပန်းပင်စိုက်ပြီး ပန်းခြံအဖြစ် ပြောင်းလဲနိုင်ပါတယ်။
မိတ်ဆွေတွေနဲ့ BBQ area အဖြစ်သုံးနိုင်ပါတယ်။ အပြင် counter top နဲ့ wash basin ပါရှိပါတယ်။
နေဝင်ချိန်ကို ထိုင်ကြည့်ရင် အရမ်းလှပါတယ်။
✅ ထပ်ခိုး
maid room အနေနဲ့ပဲ သုံးသုံး၊ storage အနေနဲ့ပဲ သုံးသုံး အဆင်ပြေတဲ့ ထပ်ခိုးကျယ်ပါပါတယ်။
✅ Air Con 4 လုံး
✅ Water filter system (2) ဆင့်
အိမ်အဝင်မှာ တစ်ဆင့် တပ်ထားပါတယ်။ သုံးရေအားလုံး filtered ဖြစ်အောင်လို့ပါ။
သောက်ရေ အတွက် filter system တစ်ဆင့် ထပ်တပ်ထားပါတယ်။
✅ အကျယ်အဝန်း
အတွင်း ဧရိယာ အကျယ်အဝန်းက 1282 sqft ပါ။
(Outdoor ဝရံတာနဲ့ ထပ်ခိုးပါ ထည့်တွက်ပြီး ဧရိယာ အားလုံးပေါင်း တွက်ရင်တော့ 2274 sqft ရှိပါတယ်။ )
အထပ်ကတော့ ၈ လွှာမှာပါ။
✅ Interior ရိုးရိုးရှင်းရှင်း design နဲ့ functional ဖြစ်ပါတယ်။ open plan layout မို့ အိမ်အိမ်ဝင်တာနဲ့ ကျယ်ကျယ်ပြန့်ကျန့်ရှိပါတယ်။
သဘာဝ အလင်းရောင် အများကြီးဝင်တဲ့ လူတရပ်စာ ပြတင်းပေါက်ကျယ်ကြီးတွေ တပ်ထားပါတယ်။
✅ ကားပါကင်
အခန်းအတွက် ကိုယ်ပိုင် သတ်မှတ်ပေးထားတဲ့ ကားပါကင် ပါရှိပါတယ်။
မိုးလုံလေလုံနဲ့ Lift နဲ့ အနီးမှာပါပဲ။
✅ ကွန်ဒို Facility အနေနဲ့ကတော့
ရေကူးကန်၊ mini ပန်းခြံ၊ ကိုယ်ပိုင်ကားပါကင်၊ 24 Hr Security, 24 Hr Lift ပါရှိပါတယ်။
✅ Location ကတော့ တစ်ဖက်ကနေထွက်ရင် အင်းစိန်လမ်းကို ပေါက်ပါတယ်။ နောက်တစ်ဖက်ကနေထွက်ရင် ဗဟိုလမ်းကို ပေါက်ပါတယ်။
✅ ပုံထဲမှာပါတဲ့ အသုံးအဆောင် ပရိဘောဂ အကုန်ပါပြီးသားမို့ အဆင်သင့်နေလို့ရပါတယ်။
ဘုရားစင်၊ ဧည့်ခန်း ပရိဘောဂ ဆိုဖာ၊ ထမင်းစား စားပွဲ ထိုင်ခုံ၊ TV, Kitchen ထဲက electronic ပစ္စည်းအားလုံး၊ အိပ်ယာခုတင်၊ အိပ်ခန်းထဲက နံရံပြည့် ဗီဒိုများ၊ မှန်တင်ခုံနဲ့ storage စင်၊
Piano, Treadmill အပြေးစက်၊ ကလေးခန်းထဲက ကလေး ပရိဘောဂ အားလုံး
ဝရံတာက ထိုင်ခုံ စားပွဲအားလုံး အကုန်
ပါပါတယ်။
✅ ဈေးကတော့ သိန်း ၇၀၀၀ ပါ။